Friday, May 29, 2009

ဟီဂျပ်ဘ်ဆိုရင် မီးရှို့သာရှို့

၂၀၀၉ခုနှစ် မတ်လပိုင်း ၈ရက်နေ့ နော်ဝေနိုင်ငံ အော်စလိုမြို့မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားအပြီးမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ဆီးရီးယားအမျိုးသမီး အစ္စလာမ်ဘာသာဝင်ဟောင်း ဆာရာ အက်ဇ်မေး ရပ်စ်မူစန် ဟာ လူအုပ်ကြားထဲမှာပဲ သူ့ခေါင်းပေါ်က ဟီဂျပ်ဘ်ကိုချွတ်ပြီး မီးရှို့ဆန္ဒပြခဲ့ပါတယ်။ မီးမရှို့ခင်မှာလည်း လူသားတစ်ရပ်လုံးရဲ့ လွတ်လပ်မှု၊ သာတူညီမျှမှု၊ မေတ္တာတရား၊ ငြိမ်းချမ်းရေးတို့အတွက် မီးထွန်းညှိပါရစေဆိုပြီး ပြောခဲ့ပါသေးတယ်။ အင်မတန်ကိုမှ ရဲရင့်လှတဲ့အမျိုးသမီးပါပဲ မွတ်စလင်လူရမ်းကားတွေ ကြားထဲမှာ သူ့အသက်အန္တရာယ် ရှိနိုင်တာကိုတောင် မမှုပဲ လူထုကို လှုံ့ဆော်ခဲ့တာပါ။

No comments:

Post a Comment