Wednesday, May 13, 2009

မိုဟာမက်လက်ထက်ပါရှန်အင်ပါယာ


အစ္စလာမ်မှာအတင်းအဓမ္မသွတ်သွင်းခြင်းရှိ၏လော မရှိ၏လော?

မွတ်ဆလင်တွေ အမြဲဂုဏ်ယူဝင့်ကြွှားစွာပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။
ကြားဖူးမလားတော့မသိဘူး။ There is no compulsion in Islam အစ္စလာမ်မှာ အတင်းအဓမ္မသွတ်သွင်းခြင်း အလျင်းမရှိဆိုပြီး ကမ္ဘာနဲ့တစ်ဝှန်းက မွတ်ဆလင်တွေက ဂုဏ်ယူဝင့်ကြွှားစွာ ပြောဆိုနေကြပါတယ်။
မြန်မာမွတ်ဆလင်တွေကလည်းပြောကြပါတယ်။ အဲဒီစကားကဘယ်ကလာလဲဆိုရင် သူတို့ရဲ့အကုန်အန်ကျမ်းမှာ ပြောထားတာပါ။ ကျွန်တော်က အစ္စလာမ်အကြောင်းပဲပြောမှာဆိုတော့ ကုလားတွေမွတ်ဆလင်တွေ ဘာလုပ်တယ်ညာလုပ်တယ် ပြောမှာမဟုတ်ပါဘူး။ သူတို့ဘာသာနဲ့သူတို့ တမန်တော်တွေ၊ ကျမ်းစာတွေနဲ့ သမိုင်းအကြောင်းတွေပဲ ပြောမှာပါ။ အခုကိစ္စနဲ့ပတ်သက်ပြီး သူတို့ကျမ်းက ဘာပြောထားလည်းဆိုတော့

ကုရ်အာန်ကျမ်း ၂:၂၅၆

"ဖြောင့်မတ်မှန်ကန်သောအစ္စလာမ်သာသနာတော်၏တရားလမ်းစဉ်သည် မမှန်ကန်သောလမ်းစဉ်နှင့်သိသိသာသာရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားလျက်ရှိနေပြီဖြစ်ပေရာမည်သူတစ်ဦးတစ်ယောက်ကိုမျှ အစ္စလာမ်သာသနာတော်တွင်း၌၀င်ရောက်ရန်အတွက်အတင်းအဓမ္မအနိုင်အထက် အလျင်းမပြုရ။သို့ဖြစ်၍အကြင်သူတစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်မှအပလူသားတို့မှတ်ယူထားသောမမှန်ကန်သော ကိုးကွယ်ရာများကိုသွေဖည်ငြင်းဆန်စွန့်လွှတ်ပယ်ရှားကာ တစ်ဆူတည်းသောအလာဟ်အရှင်မြတ် ကိုသာလျှင်ယုံကြည်ကိုးကွယ်ပါမူ
ဧကန်အမှန်ထိုသူသည်အလွန်ခိုင်မြဲ၍ယုံကြည်အားကိုးဖွယ်ရာ
ဖြစ်သည့်ပြင်မည်သည့်အခါမျှကျိုးပျက်ခြင်းအလျင်းမရှိသော
ကြိုးကွင်းကိုမြဲမြံစွာဆွဲကိုင်ထားသူဖြစ်ချေပြီ။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့၏နှုတ်လျှာမှထွက်ဆိုသော အကြောင်းအရာများကိုအလုံးစုံကြားတော်မူသောအရှင်၊အသင်တို့
စိတ်တွင်း၌လျှို့ဝှက်သောအကြောင်းအရာခပ်သိမ်းတို့ကိုလည်း အကြွင်းမရှိသိရှိတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။"


စာအုပ်ထဲမှာတော့ အပြောကချောလို့ပေါ့ လက်တွေ့မှာကျမှ စောက်တလွဲတွေလုပ်ကြတာ သူတို့တမန်တော်မို

ဟာမက်ကစလို့ မိုဟာမက်ရဲ့နောက်လိုက် သမိုင်းတစ်လျောက်လုံးက မွတ်ဆလင်တွေကနေ ယနေ့ခေတ်မွတ်ဆလင်တွေ အထိပါပဲ။ သူတို့ရဲ့ အကုန်အန်ကျမ်းကြီးထဲမှာ ပြောသမျှလည်းမယုံနဲ့ဗျ။ ဘာလို့လည်းဆိုတော့ သူတို့ကျမ်းကမိုဟာမက်စိတ်ကူးတွေနဲ့ လျောက်ပြောထားတဲ့ကျမ်းကြီး။ မှန်တာတွေရောမှားတာတွေရော တလွဲတွေရောပေါ့ဗျာ။ အဓိကကတော့ မိုဟာမက်ကသူ့ခေတ်သူ့အခါက ခေတ်အမီဆုံးဖြစ်တဲ့ နက္ခတ်ဗေဒတွေ၊ ဆေးပညာတွေ၊ ဒဿနတွေစသည်ဖြင့် သူကြားဖူးသမျှတွေကို ကောင်းနိုးရာရာစုထားတဲ့ကျမ်းကြီးပါ။ အဲဒါကို အလာကြီးကပြောတယ်ဆိုပြီး ဖောရှောလုပ်ပါတယ်။ သူရောသမမွှေတဲ့အထဲမှာ ဂရိဒဏ္ဍာရီ၊ အာရပ်ဒဏ္ဍာရီ၊ ဇိုရိုအက်စတားဒဏ္ဍာရီ၊ ပါရှန်ဒဏ္ဍာရီ စသည်စသည်ဖြင့် ဒဏ္ဍာရီပေါင်းစုံ စောက်တလွဲပေါင်းစုံကို all in one လုပ်ထားတာပါ။ အဲဒီအကြောင်းကိုကြုံရင်ကြုံသလို ဘယ်ဒဏ္ဍာရီမှာ ဘယ်လိုလာပြီး အကုန်အန်ကျမ်းမှာ ဘယ်လိုခိုးချထားပါတယ်ဆိုတာကို ထောက်ပြမယ်။
အခုလည်း အတင်းသွတ်သွင်းခြင်း မရှိပါဘူးဆိုပြီးလူကြားကောင်းအောင် မွတ်ဆလင်တွေ သာသနာပြုတဲ့နေရာမှာ အဆင်ပြေအောင် ဟန်ပြရေးထားပါတယ်။ တကယ်တန်းလက်တွေ့လား ဟန်ဆောင်တာလားဆိုတာ ကြည့်လိုက်ကြရအောင်။

အီရန်ဆိုတာအခုခေတ်မှာ ရှီးယားမွတ်ဆလင်တွေ ကြီးစိုးတဲ့နေရာပါ။ သမိုင်းဂုဏ်ရောင် အစဉ်ထွန်းပြောင်ခဲ့တဲ့ နိုင်ငံဆိုရင်လည်းမမှားပါဘူး။ သိပ္ပံပညာရှင်တွေ ပေါ်ထွက်ရာနိုင်ငံပါ။ ဘူမိနက်သန်အခြေမှန်လို့ ပြောရင်လည်းမလွန်ပါဘူး။ အဲဒီလိုရေခံမြေခံကောင်းတဲ့ အီရန်နိုင်ငံဟာရှေးယခင်က ပါရှန်အင်ပါယာဆိုပြီး ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းနဲ့  နိုင်ငံကြီးတစ်နိုင်ငံပါ။ ဒါပေမယ့် ၆၄၂ခုနှစ်မှာပဲ အာရပ်မွတ်ဆလင်တွေရဲ့ သိမ်းပိုက်မှုကိုခံခဲ့ရပါတယ်။ သိမ်းပိုက်မခံရမီက ဆက်ဆာနဒီအင်ပါယာလို့ခေါ်တဲ့ နောက်ဆုံးပါရှန်အင်ပါယာဟာ ဘယ်လောက်အထိတောင်ဩဇာအင်အား ပျံ့နှံ့ခဲ့သလဲဆိုရင် အနောက်ဘက်မှာ ဘိုင်ဇန်တင်းအင်ပါယာခေါ် အရှေ့ရောမအင်ပါယာ၊ အရှေ့ ဘက်မှာ အိန္ဒိယနိုင်ငံ အနောက်ဖျားပိုင်းအထိနဲ့ တောင်ဘက်မှာ အာဖရိကတိုက် အရှေ့မြောက်ဖျားပိုင်းနဲ့ ယီမင်နိုင်ငံ၊ မြောက်ဘက်မှာ ဥဇဘက်ကစ္စတန်နိုင်ငံအထိ အာဏာစက်ပြန့်နှံ့ခဲ့ပါတယ်။ ဒါပေမယ့် အင်အားဘယ်လောက်ပဲကြီးစေပါမူ ကျဆုံးချိန်ရောက်ရင်တော့ သူ့ကျွန်လက်အောက်ကျဆုံးရမြဲပါပဲ။ ဆက်ဆာနဒီအင်ပါယာဟာ ပြိုင်ဘက်ဘိုင်ဇန်တင်းအင်ပါယာနဲ့ ရာစုနှစ်တစ်စုကျော်တဲ့အထိကို စစ်ခင်းနေခဲ့ရတဲ့အတွက်ကြောင့် စစ်ဒဏ်ကြောင့်ရော နိုင်ငံတော်အတွင်းအကျင့်ပျက်ခြစားမှုများကြောင့်ပါ အင်အားယိုင်နဲ့နေခဲ့ပါတယ်။ ဘိုင်ဇန်တင်းအင်ပါယာကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါကိုအခွင့်ကောင်းယူခဲ့တဲ့ အာရပ်မွတ်ဆလင်များက ယာလည်းညက်စေ ကြက်လည်းပန်းစေဖြစ်လောက်တော့မှ အသာလေး သူ့ထက်အဆမတန်အင်အားကြီးတဲ့ အင်ပါယာကြီးနှစ်ခုစလုံးကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ မိုဟာမက်အသက်ရှင်စဉ်ကာလမှာတုန်းက အင်ပါယာကြီးနှစ်ခုကို မသိမ်းပိုက်ရသေးပါဘူး။ သူ့ရဲ့ဆက်ခံသူခါလီဖာများဖြစ်တဲ့ အဘူဘက်ကာနဲ့ အိုမာလက်ထက်မှာမှ အပြီးသတ်သိမ်းပိုက်အနိုင်ရခဲ့တာပါ။ အခုမိုဟာမက်လက်ထက် ပါရှန်အင်ပါယာနဲ့ဆက်ဆံရေးကိုပြောပါ့မယ်။

အစ္စလာမ်သာသနာဟာ ဓါးမိုးပြီးသာသနာပြုခဲ့တာ တမန်တော်မိုဟာမက်လက်ထက်ကစလို့ ပဒေသရာဇ်ခေတ်
ကုန်တဲ့ထိပါပဲ။ အခုခေတ်မှာလည်း ဓါးမိုးပြီးသာသနာမပြုနိုင်ပေမယ့် အိုစမာဘင်လာဒင်ရဲ့ဗီဒီယိုခွေထဲကလို အမေရိကားတစ်နိုင်ငံလုံး အစ္စလာမ်ဘာသာကို ကူးပြောင်းရမယ် လို့ခြိမ်းခြောက်တာမျိုးက လွန်ခဲ့တဲ့နှစ်၁၄၀၀ကျော် လောက်ကတည်းက သူ့ရဲ့ဆရာကြီး မိုဟာမက်ရဲ့လမ်းစဉ်အတိုင်း တထေရာတည်းပါပဲ။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုသလိုပဲပေါ့။ မိုဟာမက်လက်ထက်မှာ ပိုဆိုးတယ်ပြောရမလားပဲ ဘာလို့လည်းဆိုတော့မိုဟာမက်က ကိုယ့်ကိုယ်ကိုယ်ကျေငြာတဲ့ တမန်တော်ဖြစ်နေတာကတစ်ကြောင်း တိုက်တိုင်းအောင်ဓားပြဗိုလ် ဖြစ်နေတာကတစ်ကြောင်း ဘင်လာဒင်လို ဂူအောင်းဝရမ်းပြေး အကြမ်းဖက်သမား ပုဆိုးခြုံနဲ့တော့ အကွာကြီးပေါ့။ မွတ်ဆလင်တွေ အမြဲပြောသလိုပဲ အစ္စလာမ်ဟာငြိမ်းချမ်းခြင်း၏ ဘာသာပါလို့ဆိုပေမယ့် တစ်ကယ်တန်းကျတော့ လက်ခံဖို့ခက်ခဲပါတယ်။ မိုဟာမက်ရဲ့သမိုင်း အစ္စလာမ်သမိုင်းကို လေ့လာလိုက်မယ်ဆိုရင် မိုဟာမက်က အာရေးဘီးယန်း ကျွန်းဆွယ်တစ်ခုလုံးကို အစ္စလာမ်သာသနာကိုလက်ခံဖို့ ကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။ ကမ်းလှမ်းတယ်ဆိုတာ မွတ်ဆလင်တွေရဲ့အပြောနော်။ တကယ်ကမ်းလှမ်းတာလား ဘာလဲဆိုတာကို သူပါရှန်ဧကရာဇ် ဒုတိယမြောက်ခို့စ်ရော့စ်ကို ပို့ခဲ့တဲ့စာကိုကြည့်ပြီးဆုံးဖြတ်ကြရအောင်။

မိုဟာမက်က အေဒီ၆၂၈ခုနှစ်မှာ သူ့ခေတ်ကာလတုန်းကထွန်းကားခဲ့တဲ့ နယ်ပယ်ဒေသအသီးသီး နိုင်ငံအသီးသီးက ဧကရာဇ်တွေ၊ မင်းညီမင်းသားတွေ၊ အုပ်ချုပ်သူတွေကို သဝဏ်လွှာအများအပြားပေးပို့ပြီး အစ္စလာမ်ဘာသာကိုလက်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီသဝဏ်လွှာတွေကို တစ်နေ့တည်းမှာပဲ သံတမန်တွေကနေတစ်ဆင့် အီရန်၊ ဘိုင်ဇန်တီယမ်၊ အီသီယိုပီးယား၊ အီဂျစ်၊ ယီမင်နဲ့ ဟီရာမြို့တွေကို ပေးပို့ခဲ့ပါတယ်။ အဲဒီမှာ ဘိုင်ဇမ်တီယမ်မြို့ဆိုတာက ခရစ်ယာန်ရောမတွေလက်ထဲကနေ မွတ်ဆလင်တူရကီတွေကသိမ်းပိုက်ပြီး အမည်ပြောင်းလဲလိုက်တဲ့ ခေတ်သစ်အစ္စတန်ဘူလ်တစ်ဖြစ်လဲ ကွန်စတန်တီနိုပယ်လ်မြို့ကိုပြောတာပါ။ ဟီရာမြို့ကတော့ အီရတ်မှာရှိတဲ့ ရှေးဟောင်းမြို့တစ်မြို့ပါ။ ဟီဂျာရီသက္ကရာဇ်၇ခုနှစ် (အေဒီ၆၂၈) အစဦးပိုင်းလောက်မှာ မိုဟာမက်က သူ့လူတွေထဲကတစ်ယောက်ဖြစ်တဲ့
အဗ္ဗဒူလာဘင် ဟူဒါဖာ ဆာမီကို လွှတ်ပြီးတော့ ပါရှန်ဧကရာဇ် ဒုတိယမြောက်ခို့စ်ရော့စ်ကို အစ္စလာမ်ဘာသာကိုဖိတ်ခေါ်တဲ့ သဝဏ်လွှာကိုပါးခိုင်းလိုက်တယ်။ အဲဒီသဝဏ်လွှာထဲမှာ ဘာတွေပြောထားလည်းဆိုတာကို အစ္စလာမ်သမိုင်း ရာဇဝင်စာအုပ်တွေမှာ မှတ်တမ်းတင်ထားတာတွေရှိတယ်။
ကျွန်တော်အဆီလျော်ဆုံးဖြစ်အောင် ဘာသာပြန်ထားတယ်။

မပြတ်မစဲ သနားကြင်နာတော်မူထသော၊ အနန္တကျေးဇူးတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏။ အလ္လာဟ်အရှင်မြတ်၏ တမန်တော်မိုဟာမက်မှ အီရန်ရေမြေ့သခင်ရှင်ဘုရင်သို့ စာချွန်လွှာပါးလိုက်သည်။ သစ္စာတရားကို ရှာဖွေကုန်သော၊ အလ္လာဟ်အရှင်မြတ်နှင့်တကွ သူ၏တမန်တော်အပေါ်၌ ယုံကြည်ခြင်းသဒ္ဒါတရား ထားရှိကုန်သော၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားယှဉ်တွဲကိုးကွယ်ရာမရှိကြောင်းကို သက်သေခံကုန်သော၊ မိုဟာမက်သည် အရှင်မြတ်၏အစေခံ တမန်တော်ဖြစ်ကြောင်းကို သက်ဝင်ယုံကြည်ကုန်သော အကြင်ပုဂ္ဂိုလ်အပေါ်
၌ ငြိမ်းချမ်းသာယာမှုအပေါင်းခညောင်းပါစေ။ အရှင်မြတ်၏အမိန့်တော်အရ အကျွန်ုပ်သည် အသင့်အား အရှင်မြတ်ဆီသို့ ဖိတ်ခေါ်ပါ၏။ အရှင်မြတ်သည် အကျွန်ုပ်အား လူသားတစ်ရပ်လုံးအပေါ်သို့ ဦးဆောင်စိမ့်သောငါ စေလွှတ်တော်မူခဲ့လေပြီ။ ထို့ကြောင့် အကျွန်ုသည် အရှင်မြတ်၏အမျက်ဒေါသအကြောင်းကို ၄င်းတို့အားသတိပေးစိမ့်သော ငှာလည်းကောင်း မယုံကြည်သူများအပေါ်၌ ရာဇသံကြေညာစိမ့်သောငှာလည်းကောင်း စေလွှတ်ခြင်းခံခဲ့ရသည်။ အစ္စလာမ်ဘာသာကို လက်ခံကျင့်သုံးခြင်းအားဖြင့် သင့်အား တည်မြဲအတိုင်း ဘေးကင်းလုံခြုံရှိစေလော့။ အကယ်၍ သင်သည်အစ္စလာမ်သာသနာကို လက်မခံပဲ ငြင်းပယ်မည်ဆိုပါက မေဂျိုင်အပြစ်များအတွက် တာဝန်သည် သင့်အပေါ်၌ ကျရောက်ပေလိမ့်မည်။
(Tabaqat-i Kubra, vol. I, page 360; Tarikh-i Tabari, vol. II, pp. 295, 296; Tarikh-i Kamil, vol. II, page 81 and Biharul Anwar, vol. XX, page 389)

မွတ်ဆလင်တွေပြောတဲ့ ကမ်းလှမ်းစာဆိုတာ ကြည့်ကြပါ။ ကျောင်းပညာတတ်ထားတဲ့ ကလေးသွားမေးကြည့်ရင်တောင်မှ ဒါကမ်းလှမ်းစာလား ခြိမ်းခြောက်စာ၊ ရာဇသံလားဆိုတာ ခွဲခြားသိပါတယ်။ အဲဒီထဲက မေဂျိုင်ဆိုတာက ဇိုရိုအက်စတားဘာသာဝင် ဘုန်းကြီးတွေကိုရော သူတို့ကိုကိုးကွယ်သူတွေကိုရော ဆိုလိုပါတယ်။ မိုဟာမက်ပြောတဲ့အဓိပ္ပါယ်က ငါ့ဘာသာကိုမင်းကိုးကွယ် ကိုးကွယ်ရင်မင်းကိုအန္တရာယ်မပြုဘူး၊ မကိုးကွယ်ရင်တော့ မင်းအပြစ်မင်းခံဆိုပြီး ဇိုရိုအက်စတားဘာသာကို စော်ကားထားတာပါပဲ။ သူ့သာဝကကြီးအိုမာ ပို့လိုက်တဲ့စာမှာဆိုရင် အဲဒီဇိုရိုအက်စတန်းတွေကို မီးကိုးကွယ်တဲ့လူတွေ ဘာညာဆိုပြီးတော့ကို ချိုးချိုးဖဲ့ဖဲ့ပြောထားပါတယ်။ ဘယ်လောက်တောင်မှ သူတစ်ပါးဘာသာအပေါ်မှာ လေးစားရကောင်းမှန်းမသိတဲ့ ဘုရားသခင်ရဲ့ တမန်တော်ပါလဲ။ အဲဒါမွတ်ဆလင်တွေနဲ့ ဆက်ဆံနေတဲ့လူတွေ သတိသာထားကြပေတော့။ သူတို့က အစ္စလာမ်သည်သာ တစ်ခုတည်းသော စစ်မှန်တဲ့ဘာသာဆိုပြီး ငါနှင့်ငါသာ နှိုင်းစရာလို့ သဘောထားကြတာ။ သဘောထားကြတာဟာလည်း သူတို့အကုန်အန်ကျမ်းကြီးက ဝါဒမှိုင်းတိုက်ထားလို့ပဲ (ကုရ်အာန် ၃:၈၅)။ မွတ်ဆလင်တွေကို အပြစ်မတင်ရက်ပါဘူးလေ။ အဲဒီလို မိုဟာမက်ကစာပေးလိုက်တော့ ပါရှန်ဘုရင် ဘယ်လိုတုန့်ပြန်မယ်လို့ထင်လဲ?

သမိုင်းမှတ်တမ်းတွေ အားလုံးလိုလိုမှာပဲ ပါရှန်ဧကရာဇ်က ရာဇအမျက် ချောင်းချောင်းထွက်ပြီး
မိုဟာမက်ပေးလိုက်တဲ့စာကို စုတ်ဖြဲပစ်လိုက်တယ်လို့ ပြောထားပါတယ်။ ပြီးတော့ သူ့ရဲ့ဩဇာခံ ယီမင်နယ်စား ဘဒန်း(Badhan) ကို အမိန့်ပေးပြီး သူ့လူတွေထဲက ရဲရင့်တဲ့လူနှစ်ယောက်ကိုရွေး၊ ဟီဂျာ့ဇ်မှာရှိနေတဲ့ မိုဟာမက်အကြောင်းကိုစုံစမ်း၊ အရှင်ရအောင်ဖမ်းပြီးတော့ သူ့ရှေ့မှောက်အရောက် ဆက်သခိုင်းပါတယ်။ တစ်ချိန်တည်းမှာပဲ မဒီနာကိုပြန်ရောက်လာတဲ့ အဗ္ဗဒူလာက သဝဏ်လွှာကို အစိတ်စိတ် အမြွှာမြွှာဆုတ်ဖြဲခံလိုက်ရတဲ့အကြောင်းကို မိုဟာမက်ကိုပြန်ပြောတော့ သူတော်ကောင်းကြီး တမန်တော်မြတ်မိုဟာမက် ဘာပြန်ပြောတယ်ထင်ပါသလဲ? "သူ့ရဲ့နိုင်ငံတော်ပြိုကွဲပါစေ" ဆိုပြီးတစ်ခွန်းတည်း.....။

အကိုးအကား
http://en.wikipedia.org/wiki/Khosrau_II_of_Persia
http://en.wikipedia.org/wiki/Muslim_conquest_of_Persia

http://en.wikipedia.org/wiki/Byzantine%E2%80%93Sassanid_Wars
http://wikimyanmar.co.cc/wiki/index.php/အိုမာအိဗန် အယ်လ် ခတ်တဗ်

1 comment: