Friday, June 12, 2009

မွတ်ဆလင်ကပ်ဖား အိုဘားမား



၂၀၀၉ခုနှစ် ဇွန်လ၁၄ရက်နေ့ကပဲ အမေရိကန်သမ္မတ အိုဘားမားဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က ကိုင်ရိုတက္ကသိုလ်မှာပဲ မွတ်ဆလင်တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ မိန့်ခွန်းတစ်ရပ် ဟောပြောခဲ့ပါတယ်။ ဒါဟာလည်း သူသမ္မတလောင်းဖြစ်စဉ်ကာလ မဲဆွယ်ခဲ့တုန်းက ကတိအတိုင်း လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ မွတ်ဆလင်ကမ္ဘာနဲ့ တည့်အောင်ပေါင်းမယ် သမ္မတဖြစ်ပြီး အချိန်တိုအတွင်းမှာ မွတ်ဆလင်ကမ္ဘာကို အလည်အပတ်သွားရောက်ပါ့မယ် ဆိုပြီး မဲဆွယ်ခဲ့တာကို အမှတ်ရကြမှာပါ။ ကျွန်တော်လည်း အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင်ပဲ Youtube ဖွင့်ကြည့်ရာမှာ သူအခုမိန့်ခွန်းပြောနေတာနဲ့ ကြုံနေတာမို့ ကျွန်တော်အဲဒီမိန့်ခွန်းတစ်ခုလုံးကို တိုက်ရိုက်ကြည့်ခဲ့ရပါတယ်။ မိန့်ခွန်းကတော့ အိုဘားမားရဲ့ပေါ်လစီအတိုင်းပါပဲ အပြောင်းအလဲတွေနဲ့ ငြိမ်းချမ်းရေး၊ သင့်မြတ်အောင်ပေါင်းသင်းရေး၊ အပြုသဘောဆောင် ချဉ်းကပ်မှုတွေကိုပဲ တွေ့ရပါတယ်။ အဓိက ကတော့ ဒီမိန့်ခွန်းမှာ သူက အမေရိကားနဲ့ အစ္စလာမ်ကို ခွဲခြားလို့မရပါဘူး ဆိုပြီးတော့ အစ္စလာမ်ကောင်းကြောင်းတွေကို ပြောသွားပါတယ်။ ပြောတဲ့နေရာမှာလည်း ဟာကွက်တွေ အမှားတွေအများကြီး ရှိနေတဲ့အပြင် သူကကိုရန်ကျမ်းထဲက စာပိုဒ်လေးတစ်ချို့ကို ထုတ်ပြောသွားတာက လွဲနေပါသေးတယ်။ လွဲတာက စာလုံးလေးနည်းနည်းပါးပါးပေမယ့် အဓိပ္ပါယ်ကတော့ တက်တက်စင်အောင် လွဲသွားပါတယ်။ ပြီးတော့ သူက မွတ်ဆလင်ခေါင်းဆောင်တွေဖြစ်တဲ့ ဆော်ဒီဘုရင်တို့လို ကမ္ဘာ့အဆိုးဆုံး အာဏာရှင်တွေကိုလည်း ချီးမွမ်းခဲ့တာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်ကတော့ အံ့ဩပါရဲ့ အစ္စလာမ်ကို ချီးမွမ်းရုံတင်မက အာဏာရှင်တွေကိုပါ ချီးကြူးတာမျိုးကတော့ တည့်အောင်ပေါင်းတာတင်မကတော့ပဲ ဖားနေသလိုပါပဲ။ အဲဒီတော့ ဒီမိန့်ခွန်းတစ်ခုလုံးက မွတ်ဆလင်ကမ္ဘာကို ဖားတဲ့ မွတ်ဖားမိန့်ခွန်းသဘောမျိုး ဖြစ်သွားပါလေရော။ သူပြောသွားတဲ့ အကြောင်းအရာတွေ အားလုံးကို ကိုရန်ကျမ်းကောက်နှုတ်ချက်တွေ လက်ရှိဖြစ်ပျက်နေတဲ့ ကမ္ဘာ့သတင်းတွေနဲ့တင်ပဲ ချေဖျက်လို့ရပါတယ်။ အခုတော့သူပြောသွားတဲ့အထဲက ကျမ်းကိုးကျမ်းကားနဲ့ပတ်သက်တဲ့ အမှားတွေကို ပြောပြပါ့မယ်။

No comments:

Post a Comment